တို့ပင်လည်ဘူးမြို့အကြောင်းပါ----
တာဝန်ယူထားတဲ့သူတွေ၊ တာဝန်ရှိတဲ့သူတွေ၊ ဆိုင်ရာ ဆိုင်ရာ အာဏာယူထားတဲ့သူတွေ ကိုယ့်မြို့ကိုယ့်နယ်တိုးတက်အောင်တော့ ဘာမှမယ်မယ်ရရလုပ်ဆောင်ခြင်းမရှိပါပဲနဲ့ သူတို့တွေအတွက် စားရဘို့၊ သောက်ရဘို့၊ အမြတ်များများကျန်ဘို့လောက်ပဲ စဉ်းစားနေကြတယ်၊ ခုလဲ ကြည့်ဗျာ.... တစ်နှစ်ကြာလို့မှ ၁၀ ကြိမ်ပြည့်အောင်မလုပ်တဲ့ စည်ပင်ကြေးတဲ့၊ စည်ပင်က အမှိုက်သိမ်းတဲ့ကားတွေအတွက် အမှိုက်ကြေးတဲ့.... တစ်အိမ်ထောင်လျှင် ၅၀၀၀ ကျပ်တဲ့၊ ဒါဖြစ်သင့်သလားဗျာ၊ ကိုယ့်မြို့၊ ကိုယ့်နယ်၊ နယ်သူ/သားတွေကို ကူညီရာမရောက်ပဲ ထိုးနစ်နေကြတာပဲ။ သူတို့ကိုမေးရင်တော့ အထက်က စီမံလို့ပါ ပြောဦးမယ်၊ ဒါဆိုရင် ပြန်မေးလိုက်ဦးမယ် အဲဒီအထက်ကကော တာဝန်နဲ့ အလုပ်ကို ကျေပွန်အောင်လုပ်ဆောင်ကြရဲ့လားလို့၊ ပလပ်စတစ်အိပ်တစ်အိပ်တောင် လမ်းတွေ့ရင် ကောက်ပစ်သွားဖို့ ၀န်လေးနေကြတဲ့သူတွေကများ....
နောက်ပီးတော့ ပြောရဦးမယ်...
ိခုဆိုရင် တို့ပင်လည်ဘူးမှာ နံပါတ်လေးကိစ္စတွေ တော်တော်ဆိုးနေပြီ၊ အဲဒါလဲပဲ သူတို့တွေကြောင့်ပဲလေ... သူတို့ဆိုလို့ တခြားလူမထင်နဲ့ အပေါ်ကပြောခဲ့တဲ့ တာဝန်ရှိပါတယ်ဆိုတဲ့သူတွေ၊ တာဝန်ယူထားတဲ့သူတွေ၊ သူတို့တွေကိုယ်တိုင်က အဲဒီကိစ္စတွေနဲ့ ပတ်သက်နေကြတော့ ဘယ်လိုလုပ် ပျောက်နိုင်တော့မလဲ၊ အဲ တစ်ခါတလေတော့ ဟန်ပြလောက်ကို ကြီးကြီးကျယ်ကျယ်ကြီးဖြစ်အောင် လုပ်တတ်ကြပါတယ်၊ ဥပမာ သူတို့ကို ငွေမပေးနိုင်တဲ့သူတွေကို လိုက်ဖမ်းကြတာလေ....။ ပြောတော့ မပြောချင်ပါဝူး၊ အဲ... မပြောပဲလဲ မနေနိုင်ပြန်တော့... ဆက်ပြောရဦးမယ်၊
အဲဒီ နံပါတ်လေးကိစ္စလေ... ခုဆိုရင်ဗျာ.... ကျောင်းသားတွေထိတောင် ပြန့်နှံ့နေပီ၊ ၈ တန်း၊ ၉ တန်းကျောင်းသားတွေတောင် အဲဒါတွေ လုပ်နေကြပီ၊ ကဲ ကောင်းကြသေးရဲ့လား၊ ဒါ ဂုဏ်ယူစရာမဟုတ်တာတော့ သေချာပါတယ်ဗျာ..၊ ဒီအတိုင်း ကြည့်မနေကြပါနဲ့....။
အဲဒီနောက်ဆက်တွဲအဖြစ် ခု သူခိုးတွေပါ ပေါနေပီဗျာ..။ ဘာကြောင့် ပေါလာသလဲဆိုတော့ နံပါတ်လေးကိစ္စတွေ လုပ်နေကြတယ်လေ၊ စားစရာမရှိတော့ ကြံရာမရ သူများပစ္စည်း ခိုးရောင်းကြတော့တာပေါ့။
$သုံးမကျတဲ့ ရဲတွေ စည်ပင်တွေ အုပ်ချုပ်ရေးမှူးတွေ မရှိတာကမှ တော်ကာကျဦမယ်ထင်တယ်။
ဒီလိုပြောလိုက်လို့ နာမယ်ဆိုလဲ တတ်နိုင်ဘူး၊ အမှန်တွေပဲဆိုတော့။
လျှာရိုးအရှိတိုင်း လျှောက်ပြောနေတာတော့ မဟုတ်ဘူးနော်... မြင်တာတွေပြောနေတာ၊ ကြားတာတွေ ပြောနေတာ၊ သူများပြောတာတွေကော ပါတယ်ပေါ့ဗျာ..။
ကဲ ဘယ့်နယ်လုပ်ကြမလဲ ပင်လည်ဘူးနယ်တစ်နယ်လုံး နာမည်ဆိုးကြီးထဲ နစ်မွှန်းသွားမှာကို ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား၊ အားလုံးဝိုင်းဝန်းပီး ထိန်းသိမ်းပေးကြပါဦးဗျာ။ ဆိုင်ရာ အကြောင်းအရာများ : Pinlebu News, လူမှုရေး

1 comments:
အကောင်ကြီးကြီးအမြီးရှည်ရှည်တွေကအစ' ပါနေတာကိုး။😞