(ကိုဂျူ - ကသာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်တရားရုံးသို့
ရုံးထုတ်စစ်ဆေးပြီး ပြန်လှယ်ခေါ်ဆောင်သည့် တရားခံတစ်ဦး
(၁၅၊၁၁၊၁၃)ရက်နေ့ (၄)နာရီ(၄၀)မိနစ်အချိန်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။
ဖြစ်ပွားပုံမှာ ၁၅ရက်နေ့နံနက် ၁၀နာရီ၁၅မိနစ်အချိန်က ကသာခရိုင်တရားရုံးတို့တွင် စစ်ဆေးနိုင်ရန် ကသာအကျဉ်းထောင်မှ အမျိုးသားတရားခံ(၁၁)ဦးနှင့် အမျိုးသမီးတရားခံ(၁)ဦးတို့အား သွားရောက်
ထုတ်ယူခေါ်ဆောင်ခဲ့ကြပါသည်။ထိုသို့ ခေါ်ဆောင်လာသည့် ခရိုင်တရားရုံးထုတ် တရားခံများအား
ကသာရဲစခန်း၏ အချုပ်ခန်းတွင် ထည့်သွင်းချုပ်နှောင်ထားခဲ့ပါသည
်၊ညနေ(၄)နာရီမိနစ်(၂၀)ခန့်တွင်
ထိုတရားခံများထဲမှ အမျိုးသားတရားခံ(၄)ဦးနှင့် အမျိုးသမီးတရားခံ(၁)ဦးတို့အား ရဲတပ်ကြပ်ကြီးတင့်ဆွေဦး၊ရဲတပ်သားသန်းဦး တို့မှ ခရိုင်တရားရုံးမှ စစ်ဆေးနိုင်ရန် သံကြိုးများခတ်၍ ခေါ်ဆောင်သွားခဲ့ပါသည်၊
ခရိုင်တရားရုံး၌် မိနစ်(၂၀)ကျော် စစ်ဆေးပြီးပြန်ခေါ်လာစဉ်
ရဲစခန်းအချုပ်နှင့် ပေ(၅၀)ခန့်အရောက်တွင် မူးယစ်တရားခံ တစ်ဦးမှ
သံကြိုးများအား လျှောဖြုတ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ထွက်ပြေးသွားခဲ့သော တရားခံ၏အမည်မှာ ကဒူး(ခ)ထွန်းထွန်းဝင်း(၃၅)နှစ်ဖြစ်ပြီး ပင်လယ်ဘူးရဲစခန်းမှ မယ(ပ)၅၀/၂၀၁၃၊မူးယစ်စေတတ်သောဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဆေးဝါးများဆိုင်ရာ
ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က).။(ပ)၁၂၇/၂၀၁၃၊ကြိုးမဲ့ကြေးနန်အက်ဥပဒေပုဒ်မ၆(၁).။(ပ)၁၂၈/၂၀၁၃၊ပို့ကုန်သွင်းကုန် ပုဒ်မ(၈) တို့ဖြင့် အမှုဖွင့် စစ်ဆေးခြင်းခံနေရသော တရားခံတစ်ဦးဖြစ်ပါသည်။
ထိုသို့ မူးယစ်တရားခံထွက်ပြေးမှုနှင့်ပါတ်သက်၍ ကသာရဲစခန်းမှူး ဒုရဲမှူးမြင့်လွင်၊တာဝန်မှူး ဒုရဲအုပ်မင်းဆွေ၊ရဲတပ်ကြပ်ကြီးတင့်ဆွေဦး၊ရဲတပ်သားသန်းဦး တို့အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ သက်/ချုပ် ရေးမှတ်ယူရန်
အရေးယူဆောင်ရွက်ထားကြောင်း နှင့် တရားခံထွက်ပြေးမှု ဖြစ်စဉ်အား အချိန်နှင့်တပြေးညီချက်ချင်းသတင်းမပို့ပဲ ခရိုင်ရဲတပ်ဖွဲ့မှူးသိရှိမေးမြန်းသည်အချိန်တွင်မှ တင်ပြခဲ့သည့် ကသာမြို့နယ်မှူးနှင့် စခန်းမှူးတို့အား
ဖြေရှင်းတင်ပြရန်လည်း ကသာခရိုင်ရဲတပ်ဖွဲ့မှ ညွှန်ကြားထားကြောင်း သတင်းရရှိပါသည်။
( ကိုဂျူ-ကသာ)
ဆိုင်ရာ အကြောင်းအရာများ :
Articles,
News,
Pinlebu News
If you enjoyed this post and wish to be informed whenever a new post is published, then make sure you subscribe to my regular Email Updates.
Subscribe Now!
Kindly Bookmark and Share it:
0 comments: