“နိုင်ငံခြားငွေ
ရှာဖွေကြိုးပမ်းမြန်မာ့သစ်လုပ်ငန်း’’ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို လမ်းဘေးမှာတွေ့တော့
ကျွန်တော်စိတ်ထဲမှာ အတွေးတစ်ခု ၀င်လာမိတယ်။အဲဒါနဲ့ ဆိုင်ကယ်ကိုလမ်းဘေးမှာ ရပ်ပြီး ဆင်းကြည့်မိတယ်။
ဈေးဆိုင်တွေလည်း တစ်ဆယ်၊ ဆယ့်လေးငါးဆိုင်လောက်တော့ရှိပါတယ်။ ဒီနေရာက စည်းကားလှတယ်ဆိုပြီး
ဘေးဘီဝဲယာကြည့်မိတော့ အား_ လား_ လား . . . .. . . . နိုင်ငံခြားငွေ ရှာဖွေကြိုးပမ်းတယ်ဆိုတာဒါတွေကို
ခေါ်တာကိုး သစ်လုံးတွေ ပုံထားလိုက်တာများ တောင်ပုံ၊ ရာပုံ အရပ်စကားနဲ့ပြောရရင် ရက်ရက်စက်စက်ပဲ
မျက်စိတစ်ဆုံး နည်းတဲ့သစ်ပုံကြီးတွေ လား တောင်တန်းကြီးတွေအတိုင်းပဲ ကြွားမပြောပါဘူး၊
မယုံမရှိနဲ့ လာကြည့်ကြပါ။ ပင်လည်ဘူးမြို့ကနေ
(၂၁)မိုင်ဝေးတဲ့ပေကုန်းသစ်ဆိပ်မှာပါ။ပေကုန်းဆိုတာ ပင်လည်ဘူး-ကောလင်းကားလမ်းပေါ်မှာ ရှိတဲ့ရွာ လေးတစ်ရွာပါ။အဲဒီမှာကျွန်တော်ပြောခြင်းတာကနိုင်ငံခြားငွေအဲဒီဒေါ်လာတွေကိုရှာဖွေ ပေးတာက
ဘယ်သူ့အတွက်လည်း နိုင်ငံတော် အတွက်လား၊
နယ်သူနယ်သားပြည်သူတွေအတွက်လား (ဒါမှမဟုတ်) မောင်မင်းကြီးသား ကုမ္ပဏီလုပ်ငန်းရှင်တွေအတွက်လား
? သစ်တွေ ထုတ်လာတာလည်း ဆယ်စုနှစ်တစ်ခုမကတော့ဘူး။
ဒေသခံ နယ်သူနယ်သားတွေ ဘာကောင်းကျိုးများ ခံစားခဲ့ရပါသလဲ? ဆိုးကျိုးနဲ့ကောင်းကျိုးကို
ကျွန်တော် နိုင်းယှဉ်ကြည့်တယ် သစ်တွေသာကုန်သွားပေမဲ့ ဘာကောင်းကျိုး မှဒသခံတွေ မခံစားခဲ့ရပါဘူး။
မျိုးစေ့လေးတစ်စေ့မှ လာမချ၊ သစ်ပင်လေးတစ်ပင်မှလာမ စိုက်၊ ရေတစ်မုတ်မှ လာမလောင်း၊ သစ်တစ်ပင်ရှင်သန်အောင်တောင်
မပြုစုဘူးတဲ့ လူတွေကတော့ သစ်တွေခုတ်ခြင်တိုင်းခုတ် ဒေါ်လာပိုက်ပြီး ကြီးပွားခြင်တိုင်းကြီးပွားနေကြတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
သစ်ထုတ်လုပ်မှု အများဆုံးမြို့နယ် တွေထဲမှာ ပင်လည်ဘူးမြို့နယ် ပါဝင်ပါတယ်။ ကျွန်းသစ်၊
သစ်ယာ၊ အင်ကြင်း၊ ကညင်၊ ပျဉ်းကတိုး၊ တမလန်း သိပ်ကိုပေါပါတယ် ကုမ္ပဏီတွေလည်း ပေါသလားမမေးနဲ့
ကားတွေဆို အစီးရေ ထောင်ကျော်လောက်ရှိတယ် အဲဒီမှာ ပြဿနာကစတော့တာပဲ သစ်ကားတွေမောင်းတော့ လမ်းတွေပျက်၊ တံတားတွေပျက်
တိုင်ပြန်တော့လည်း အရေးမယူဘူး။ ကတ္တရာလမ်းတွေ လည်း ကြေမွပြီးစုပ်ပြတ်နေတာပဲ တံတားတွေလည်း
ဒီနေ့ဆောက် မနက်ဖြန်ပြန်ကျိုး နယ်ခံတွေပဲ ဒုက္ခရောက် ရတယ်။ သစ်ကွက်တွေရှိတဲ့ လမ်းတလျှောက်ကရွာတွေဆို
လယ်ယာမြေတွေကို သစ်ကားတွေဖြတ် မောင်းခံရတာလည်းမနည်းတော့ဘူး။ စဉ်းစားကြည့်ပါ သစ်တွေတင်ထားတဲ့ကားဆိုတာနည်းတဲ့ဝိတ်မဟုတ်ဘူး
အဲဒီလိုဖြတ်မောင်းသွားတော့ လယ်တွေ၊ ယာတွေ၊ ရွာခြင်းဆက်လမ်းတွေဟာ အကုန်လုံးပျက်စီးကုန်
တယ်။ သစ်ကားတွေ မောင်းထားတဲ့လမ်းမှာ ဖုံထုဟာ ၁၀-လက္ခလောက်ရှိပါတယ်။ မိုးရာသီရောက်ရင် ဗွက်ထကုန်တော့တာပဲ
ဒါတင်ဘဲလား တချို့ရွာတွေဆို သစ်ကားတွေရွာထဲဖြတ်မောင်းလို့ ဖုံလုံးကြီးတွေ ရွာထဲဝင်ပြီး
စားမရ၊ အိပ်မရာဖြစ်ကြရပါတယ်။ ကျန်းမာရေးလည်း ထိခိုက်ရတယ်။ တောပုန်းရွာဆိုရင် ဘုန်းကြီးကျောင်းရှေ့
ဖြတ်မောင်းလို့ ဆရာတော်တွေရဲ့ ဆွမ်းဟင်းတွေမှာ ဖုံမှုန့်တွေ ချည်းပဲ။ ချောင်းကွေ့ဆိုတဲ့
ရွာမှာလည်း ဖုံတွေကျောင်းထဲဝင်လွန်းလို့ သံဃတော်တွေ ဘုန်းပေးလို့ အဆင်မပြေဖြစ်ရတယ်။
စာသင်ကျောင်းတွေလည်း ဒီလိုပဲ ကလေးတွေရဲ့ ကျန်းမာရေးကိုထိခိုက်တယ် ဖုံမှုန့်တွေနေ့တိုင်းရူနေရတော့
ရေရှည်မှာမလွယ်ဘူး အသက်ရူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေရနိုင် ပါတယ်။ ရာသီဥတုနဲ့
ပတ်သက်လို့ရော ပြောစရာမရှိဘူးလားလို့မေးမယ် ရှိပါတယ် 2013 ခုနှစ်ဟာ ဒီဒေသမှာအဆိုးဝါးဆုံးသော မိုးခေါင်ရေရှားမှုဖြစ်ခဲ့တယ်၊
မိုးမရွာလို့ လယ်ယာတွေ မစိုက်ရဘူး၊ ရေတွင်းရေကန်တွေခမ်းခြောက်တယ် လူတွေဒုက္ခရောက်ကြရတယ်။
ဆိုးကျိုးက ဒီဒေသတင်မကပါဘူး။ ဒီဒေသနဲ့ဆက်စပ်တဲ့ တခြားမြို့နယ်တွေလည်း ခံစားရပါတယ်။ ရွှေဘိုခရိုင်ဆိုနွေးစပါးကို
လယ်ဧက (၃) သိန်းကျော်မစိုက်ပျိုးရဘူး ဘာကြောင့်လဲ သဖန်းဆိပ်ဆည်က ရေမပေးနိုင်လို့၊ ကျွန်တော်တို့ဒေသမှာ
မိုးမရွာဘူး မိုးမရွာတော့ မှူးမြစ်ထဲမှာမြစ်ရေက နည်းနည်းပဲ၊ မှူးမြစ်ရေနည်းတော့ သဖန်းဆိပ်ဆည်မှာ
ရေသိပ်မရှိဘူး ရေမရှိတော့ လယ်တွေ အပြည့်အ၀ ရေမပေးနိုင်ဘူး။ ဒါမဆန်းပါဘူး ခရုနီလူတန်းစား
ချမ်းသာဖို့ ဒေသခံလယ်သမားတွေ ရုန်းကန်ကြအုန်းပေါ့။ မိုးခေါင်တယ် မိုးခေါင်တယ်နဲ့ မခေါင်ပဲနေမလားဗျာ
သစ်တွေဒီလောက် ထုတ်နေမှတော့ မြေလင်း၊ ပေကုန်း၊ ၀ဲလာ သစ်ဆိပ် (၃)ခုမှာပုံထားတဲ့ သစ်တွေဟာ
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိနိုင်ပါဘူး။ တကယ်ကို ကြောက်ခမမ်းလိလိပဲ။

ဆက်ရန်
★★★★★★☆☆☆☆☆☆★★★★★★
မောင်ကြင် (ပင်လည်ဘူး)
ဆိုင်ရာ အကြောင်းအရာများ :
Articles,
Pinlebu News
If you enjoyed this post and wish to be informed whenever a new post is published, then make sure you subscribe to my regular Email Updates.
Subscribe Now!
Kindly Bookmark and Share it:
2 comments:
နိုင်ငံပိုင်လို့သာ ကြေငြာထားတာပါ တကယ်လုပ်စားသွားတာက ခရိုနီတွေနဲ့ အပေါင်းအပါတွေပဲ၊ တစ်နိုင်ငံလုံးပါပဲ အမြစ်တောင်မကျန်တော့သလောက်ပဲ။ ပင်လည်ဘူးနယ်ကို ရောက်ဖူးပါတယ်၊ ကောလင်း ပင်လည်ဘူးကားလမ်းတစ်လျှောက် အဖိုးတန်သစ်ကောင်းပင်တွေ မနည်းမနောပါပဲ မြင်ခဲ့ တွေ့ခဲ့ရတာ၊ ဒါပေမယ့် နောက်မှ ထပ်စိုက်ထားတာတွေကများတာပါ....၊ မိခင်ပင်ရင့် ပင်မာကြီးတွေလဲ တွေ့ခဲ့ရပါတယ် သူတို့တွေတော့ ဖင်ဖြတ် ခေါင်းဖြတ် လုပ်ခံထားရတော့ မလန်းကြတော့ပါဘူး၊ သူတို့တွေက သစ်ပုံတွေထဲမှာလေ၊ ပါးစပ်ရှည်ပီး မေးကြည့်မိတော့ ပြည်ပပို့ကုန်တဲ့၊ :'( အစိုးရလုပ်တာလား ဆိုတော့ ဟုတ်ဝူးတဲ့၊ ပုဂ္ဂလိကကုမ္ပဏီတဲ့.... ဟိုက်...... သေပီဆရာပဲ။
တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လမ်းတွေတော့ ရစရာမရှိတော့ဘူး။ ခံရတော့ နယ်ခံတွေလေ။
ဟုတ်တယ်၊ ကျွန်တော်လဲ ရောက်ဖူးတယ် ပင်လယ်ဘူးမြို့နယ်ကို၊ သာယာတယ်၊ အေးချမ်းတယ်၊ ဒါပေမယ့် အာဏာရှိသူ အာဏာရူးတွေရဲ့ လောဘတွေကြောင့်ထင်တယ် တိုးတက်မှု သိပ်မရှိသလိုပါ့။ လမ်းတွေလဲ ပြင်ဆင်မှု မရှိကြဘူး၊ ဆက်သွယ်ရေးလဲ ခုထိအဆင်မပြေသေးဘူးတဲ့......။ သြော် လူကြီးလုပ်တဲ့သူတွေ တော်တော်လောဘကြီး ကိုယ့်ဘို့လောက်ပဲကြည့်တတ်ကြတာပဲနော်.....
(သိင်္ဃသား)