ဒီပေ့ခ်ျကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်မှာ ပြည်တွင်းနယ်သူနယ်သားများနှင့် အဝေးရောက် နယ်သူ/
သို့မှသာလျှင် အဝေးရောက်နေသူတွေအတွက် အဆင်ပြေပြေနှင့် အချိန်နှင့်အမျှ သိရှိနိုင်မည်။ ကဗျာ၊ ဆောင်းပါး စသည်များလည်း အဆင်ပြေသလို တင်သွားမှာပါ (အဆင်ပြေသလိုဆိုသည်မှာ ရည်ရွယ်ချက်နဲ့ လိုက်လျောညီထွေမှုမရှိသော ပို့စ်များအား မလျော်ကန်ဟု သတ်မှတ်ပါက တာဝန်ရှိသူများမှ ပယ်ဖျက်မည်ကိုဆိုလိုပါသည်)
အကောင်းဆုံး အကြံပေးလိုသည်မှာ ပင်လည်ဘူးသူ/သားများ ဒီပေ့ခ်ျကို လာလည်ပါ၊ Like လုပ်ထားပါ၊ ဖြစ်နိုင်ရင် Get Notification ကို အမှန်ချစ်လုပ်ထားပါ။ ဒါမှ တင်သမျှ သတင်းတွေ၊ တခြားအကြောင်းအရာတွေ မိမိပေ့ခ်ျမှာ တိုက်ရိုက် Notify ဖြစ်မှာပါ။ နောက်ပီး အဆင်ပြေရင် ပင်လည်ဘူးမြို့နယ်အသင်း၊ ပင်လည်ဘူးမြို့၊ နာမှုကူညီရေးအသင်းတွေနဲ့လည်း ချိတ်ဆက်ထားဘို့ ရည်ရွယ်ထားပါသည်။
Content Creator များအနေနဲ့ မိမိတို့ သိထား၊ ကြားထားသော သတင်းအချက်လက်များကို (သေချာလျှင်) အဝေးရောက် နယ်သူ/သားများအတွက် ကူညီလိုတဲ့စိတ် အပြည့်နှင့် အနည်းငယ်သောအချိန်လေးပေးပြီး တင်ပေးစေလိုပါသည်။ မိမိနှင့် နီးစပ်ရာ အပေါင်းအသင်းများ၊ နယ်နှင့် အမြဲတမ်း အဆက်အသွယ်ရှိသူများကိုလည်း အကျိုးအကြောင်းရှင်းပြပြီး ကူညီပေးရန် တောင်းဆိုကြဘို့ တိုက်တွန်းပါသည်။
(စကားချပ်)........ Content Creator ဦးရေ ကန့်သတ်ထားမှုရှိပါသည်။ Admin အပါအ၀င် ၁၀ ဦးခန့်သာ ထားပါမည်။ သို့သော်.. လိုအပ်ပါက ထပ်မံဖိတ်ခေါ်သွားပါမည်။ သီးခြား ပုဂ္ဂလိက ရည်ရွယ်ချက်မရှိပါ။ နားလည်ပေးစေလိုပါသည်။ နားလည်ပေးနိုင်ကြလိမ့်မည်ဟုလည်း
အငယ်ကောင် (ပင်လည်ဘူး)
ခေတ္တ - ကိုလံဘို
+94 (75) 8056848 (~998)
(pinlebutownship@gmail.com)
ဆိုင်ရာ အကြောင်းအရာများ : Advertise, Announcement

0 comments: