Blog မှာ Post တင်ဘို့အတွက် ပထမဆုံး blogger.com ထဲကို Sign in ၀င်လိုက်ပါ။ ရောက်သွားပီဆိုရင် New Post ဆိုတာလေးကို ရှာလိုက်ပါ။ အဲဒါလေးကို နှပ်လိုက်ပါ။ ပွင့်လာတဲ့အထဲမှာ အပေါ်က Post ဆိုတဲ့ဘေးက အကွက်ထဲမှာ Post ခေါင်းစဉ်ရေးပါ (ပုံတွင်ကြည့်ပါ)။ အောက်က
Body (အကွက်ကျယ်) ထဲမှာ ကိုယ်ရေးမယ့် စာသားတွေ ရေးပေတော့။ စာတွေအားလုံးရေးပီးပီဆိုရင် 'Jump break' ခွဲပေးပါ (စာများလျှင် အဆင်ပြေစေရန်)။ Jump break ခွဲလျှင် အပေါ်မှစ၍ အများဆုံး ၅ ကြောင်းထားပြီး ခွဲပါ။ သို့မှသာ အဆင်ပြေပြေ ဖြစ်လိမ့်မည်။ (Jump break နေရာမှာ စာခေါင်းစဉ်နှင့် Body ကြားက toll တွေထဲမှာရှိပါသည်။ ပုံတွင်ကြည့်ပါ။)
................................................
စာတွေအားလုံးရေးပီးပီဆိုရင် Labels ခွဲပါ။ (ခွဲထားပီးသားများလည်း ရှိပါသည်) Labels ခွဲရခြင်းမှာ Posts အမျိုးအစားအုပ်စုခွဲဖို့ရန်ဖြစ်သည်။ အရေးကြီးသည်။ Labels များကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ အဲဒီအထဲမှ ကိုယ်တင်တဲ့ Post နဲ့ ကိုက်ညီမယ့် အမျိုးအစား (Labels) ကိုရွေးပြီး 'Done' ကို နှိပ်လိုက်ပါ။ (ပုံတွင်ကြည့်ပါ)
ခွဲထားပြီးသား Labels များမှာ.....
Home,
News,
Pinlebu News,
Myanmar News,
International,
Health,
Childcare,
Healthcare Activities,
Healthcare Edu,
Education,
Edu Care,
About Education,
Plans,
Sunday School,
Edu Activities,
Articles,
Entertainment,
Offers,
Social,
Others,
Announcement,
Contact,
About တို့ဖြစ်ပါတယ်။။။
ကိုယ်ရေးလိုက်တဲ့ စာဟာ အထက်မှာပြထားတဲ့ Labels List ထဲမှ သက်ဆိုင်ရင် အနဲဆုံးတစ်ခု၊ (သို့- တစ်ခုထက်ပိုပြီး) ထည့်ပေးရပါမယ်။
Labels ခွဲခြင်းကိစ္စ ပီးပီဆိုလျှင် ညာဘက် အပေါ်နားလေးက 'Publish' (ပုံတွင်ကြည့်ပါ) ဆိုတာလေးကို နှိပ်ပေးလိုက်ရုံပါပဲ။
ဒါလောက်လုပ်ပီးပီဆိုရင်တော့ ပို့စ်တင်ခြင်းကိစ္စ ပီးပါပီ။ အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။
မှတ်ချက်။ ။ ဘယ်လိုမှ မတင်တတ်လျှင်တော့ ကိုယ်တင်ချင်တဲ့ အကြောင်းအရာကို ကိုယ့်နာမည်နှင့်တကွ Admin ဆီ ပို့ပေးပါ။ အဆင်ပြေအောင် ပြုလုပ်ပေးပါမည်။
Angal Kaung (Admin)
pinlebutownship@gmail.com
ashinindapala@gmail.com ဆိုင်ရာ အကြောင်းအရာများ : Announcement, Help

0 comments: