စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ မေလ ၂၃ ရက်၊ ညနေ ၄ နာရီခွဲခန့်က ပင်လည်ဘူးမြို့နယ်၊ ကညင်ကုန်းကျေးရွာနေ ဒေါ်မိကြွယ် (၆၅)နှစ်သည် ၎င်းနေအိမ်ရှေ့ ဈေးဆိုင်အနီး လမ်းဘေးတွင်ရပ်နေစဉ် ၎င်း၏နောက်ကြောဘက်မှ အမည်မသိသူတစ်ဦး မောင်းနှင်လာသော
ဆိုင်ကယ်တစ်စီးက ရုတ်တရက်ဝင်တိုက်ပြီး မောင်းပြေးသွားကြောင်း ကညင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျောက်စိမ်းက ဖုန်းဖြင့် အကြောင်းကြားချက်အရ ပင်လည်ဘူးမြို့နယ် ရဲစခန်းမှ ခေတ္တစခန်းမှူး တပ်ကြပ်ကြီး တင်ထွဋ်နှင့်အဖွဲ့က အသိသက်သေများနှင့်အတူ အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးရာ ဒေါ်မိကြွယ်ဆိုသူကို ဒဏ်ရာများဖြင့် တွေ့ရှိရပြီး မိကျောင်းအင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဆိုင်ကယ်ဖြင့်တိုက်ပြီး မောင်းပြေးသူအား စုံစမ်းဖေါ်ထုတ်ရန် အမှုစစ် ပင်လည်ဘူးမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် သိန်းထွန်းဝင်းက အမှုကို ခိုင်မာစွားတည်ဆောက်ပြီး စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။ ဆိုင်ရာ အကြောင်းအရာများ : News, Pinlebu News

0 comments: