
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ
ကျောင်းတိုက်တွင် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့၌ ပြုလုပ်ခဲ့သည့်
ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ
အခမ်းအနားက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အခမ်းအနားကို နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း
ဒေသကြီး ဗန်းမော်ကျောင်းတိုက် ဆရာတော်နှင့် မလေးရှားနိုင်ငံ ပီနန်ဆရာတော်
ဘဒ္ဒန္တ
ပညာဝံသ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သံဃာတော် ၂၂၇
ပါးတို့ တက်ရောက်ဆွေးနွေးခဲ့သည်။
နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အခမ်းအနား အပြီးတွင်
အချက်ငါးချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံး
ဘာသာအဖြစ် နိုင်ငံတကာ အသိအမှတ်ပြု ခံထားသည့် အားလျော်စွာ ဗုဒ္ဓဘာသာ
ခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဝင်တို့သည်လည်း မည်သည့် ပဋိပက္ခမျိုးမှ
မဖြစ်စေလိုဘဲ ငြိမ်းအေးစွာ နေထိုင်လိုသူများ ဖြစ်ကြောင်းနှင့်
မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သော နိုင်ငံသားအားလုံး
ငြိမ်းချမ်းစွာ နေထိုင်ရေးမူကို ထောက်ခံကြောင်း ပါဝင်သည်။
ထို့ပြင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ဂုဏ်သိက္ခာကို မှေးမှိန်
ညှိုးနွမ်းအောင် မှားယွင်းစွာ စွပ်စွဲရေးသားသည့် လုပ်ရပ်မှန်သမျှကို
ကန့်ကွက်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ
အခြေအနေများကို ၀မ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သံဃာတော် ၂၂၇ ပါးတို့က
သြ၀ါဒခံယူပွဲနှင့် ပတ်သက်၍ အသေးစိတ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ရေး
အတွက် (၁) ပဋိပက္ခများကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍ (၂)ဥပဒေဆိုင်ရာ ကဏ္ဍ(၃)
နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကဏ္ဍ (၄) ပညာရပ် လေ့လာရေးကဏ္ဍ
(၅) သတင်းနှင့် ပြန်ကြားရေးကဏ္ဍ (၆) အဖွဲ့အစည်း အဆင့်ဆင့်
စေ့စပ်ညှိနှိုင်းရေးကဏ္ဍ (၇) အသိပေး စည်းရုံးရေးကဏ္ဍ စသည့်အစုအဖွဲ့ကဏ္ဍခုနစ်ခုခွဲ၍
ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပဿနာဖြစ်လျှင်
သော်လည်းကောင်း ပြဿနာဖြစ်မည့် အခြေအနေမျိုးတွင် သော်လည်ကောင်း ဘာသာရေး
ခေါင်းဆောင်များအားလုံး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးကို
ကာကွယ်ရန်နှင့် ''၉၆၉'' ဂဏန်းသည် ရတနာသုံးပါးကို ကိုယ်စားပြုသော
ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်သည့်အတွက် ဗုဒ္ဓသာသနာတော်ကို
ညှိုးနွမ်းစေနိုင်မည့် နေရာများတွင် အသုံးမပြုရန်...
အဆိုပါ အခမ်းအနား ပိတ်ပွဲအစီအစဉ်တွင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက
''အခုဆွေးနွေးပွဲမှာ ဘာကိုဦးတည် ဆွေးနွေးမယ်ဆိုပြီး
ခေါင်းစဉ်ပေးမထားပေမယ့် ကဏ္ဍခုနစ်ခုလုံးကို ဆွေးနွေးတဲ့အခါ နောက်ဆုံးမှာ
ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဒီကြေညာချက်ကို ထုတ်နိုင်ခဲ့တာကိုပဲ
ဝမ်းသာမိပါတယ်။ သာသနာရေးဆိုင်ရာ အချက်ခုနစ်ချက်ကို အများသဘောတူ
ရွေးချယ်ပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမယ့် အမြင်မတူ
အရပ်ဒေသ အတွေ့အကြုံ မတူတဲ့ ဆရာတော် သံဃာတော်တိုင်းရဲ့ စိတ်ထားသည်
ငြိမ်းချမ်းရေးကို ဦးတည်နေတာကို တွေ့ခဲ့ရပါတယ်'' ဟု မိန့်ကြားသည်။
ပဋိပက္ခများကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍတွင် လူမျိုးရေး၊ ဘာသာရေး
အသွင်ဆောင်သည့် ပြဿနာများ ဖြစ်ပေါ်လာပါက အကြမ်းမဖက်ဘဲ တရားဥပဒေနှင့်သာ
ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ ပြဿနာဖြစ်လျှင် သော်လည်းကောင်း ပြဿနာဖြစ်မည့်
အခြေအနေမျိုးတွင် သော်လည်ကောင်း ဘာသာရေး ခေါင်းဆောင်များအားလုံး
ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးကို ကာကွယ်ရန်နှင့် ''၉၆၉''
ဂဏန်းသည် ရတနာသုံးပါးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေး သင်္ကေတ
ဖြစ်သည့်အတွက် ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာများတွင်
အသုံးမပြုရန် ကြေညာချက်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် ဥပဒေဆိုင်ရာ ကဏ္ဍတွင်
မြန်မာနိုင်ငံရှိ နိုင်ငံသားအားလုံး အရှည်သဖြင့် ငြိမ်းချမ်းစွာ
နေထိုင်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးမှုရှိစေရန်၊ မြန်မာနိုင်ငံသည်
ဘာသာရေး လွတ်လပ်ခွင့်ရှိသည့် အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေးရှုပြီး
ကိုးကွယ်မှု ဘာသာအလိုက် ခိုင်မာသော ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်နှင့်
နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကို အထောက်အကူပြုသည့်
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို တိတိကျကျ လိုက်နာဆောင်ရွက်ရန်တို့
ပါဝင်သည်။
နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေး ကဏ္ဍတွင် နိုင်ငံသားအားလုံး
တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားနားလည်မှုများရှိပြီး
ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အပြောအဆို အပြုအမှုများကို
ရှောင်ကြဉ်ကြရန်နှင့် အခါအားလျော်စွာ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေး၍
ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် ပါဝင်သည်။
ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ် လေ့လာရေး ကဏ္ဍတွင် မျိုးဆက်သစ်
နိုင်ငံခေါင်းဆောင်များ နိုင်ငံအုပ်ချုပ်ရာ၌ လက်တွေ့ကျသော ဗုဒ္ဓဓမ္မများဖြင့်
အောင်မြင်စွာ အုပ်ချုပ်နိုင်စေရန် အတွက် ဗုဒ္ဓအဆုံးအမများကို
သင်ကြားပို့ချပေးရန်နှင့် ကလေးသူငယ်များနှင့် သင့်လျော်သော ဗုဒ္ဓဘာသာ
သမိုင်း၊ ဗုဒ္ဓ၀င်စာအုပ်များ ရေးသားထုတ်ဝေရန်တို့ ပါဝင်သည်။
သတင်းနှင့် ပြန်ကြားရေး ကဏ္ဍတွင် ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ တိကျမှန်ကန်သော
သတင်းများ ထုတ်ပြန်နိုင်ရေးအတွက် သင့်လျော်သော အမည်တစ်ခုပေးကာ
ဝက်ဘ်ဆိုက်တစ်ခု ထားရှိရန်နှင့် လစဉ်လက်ကမ်း စာစောင်နှင့် သတင်းဂျာနယ်များ
ထုတ်ဝေရန်တို့ ပါဝင်သည်။
ထို့ပြင် ဗုဒ္ဓသာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက်ရန် အတွက် ''ဂဏ၀ါစက
အဖွဲ့၊ ဓမ္မကထိကအဖွဲ့'' စသည့်ကဲ့သို့ အမျိုးဘာသာ သာသနာ
ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့များ ဖွဲ့စည်းရန်နှင့် ဗုဒ္ဓသာသနာ
ကွယ်ခဲ့သော နိုင်ငံများ အကြောင်းကို ဖော်ပြထားသည့် သမိုင်းစာအုပ်များ
ထုတ်ဝေဖြန့်ဖြူးရန် စသည့်အချက်များလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကျင်းပခဲ့သော ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း
ဆွေးနွေးပွဲ အခမ်းအနားကဲ့သို့ ဆွေးနွေးပွဲများကို နောင်တွင် လိုအပ်ပါက
သင့်တော်သည့်နေရာ သင့်တော်သည့် အချိန်တွင် ထပ်မံကျင်းပ သွားရန်လည်း
ရည်ရွယ်ထားကြောင်း သိရသည်။
ဆိုင်ရာ အကြောင်းအရာများ :
Myanmar News,
News

0 comments: