ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ထိရောက်စွာကြည့်ရှုစောင့်ရှောက်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူရှင်များက နှလုံးစမ်းသပ်စက်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ပွဲကို ဇွန် ၂ ရက် နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစန်းလွင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ဆေးရုံကြီးကြပ်မှု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခန်းအနားတွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမိုးဟိန်းက ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊
ပြည်သူ့ဆေးရုံကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထွန်းက ပြည်သူ့ဆေးရုံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဦးသေးမောင်က ငွေကျပ် ၈၅၈၄၃၀၀ တန်ဖိုးရှိ နှလုံးစမ်းသပ်စက်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်က ရေခဲသေတ္တာနှင့် ရုံးသုံးဗီရိုအလှူရှင် ဦးထွန်းလှကို ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးက ရေခဲသေတ္တာအလှူရှင် ဦးမြင့်ဝင်းအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှားများ အသီးသီးပြန်လည်ပေးအပ်ခဲ့ပြီး ပြည်သူ့ဆေးရုံ ကြီးကြပ်မှုကော်မတီဝင်များနှင့် မြို့မိမြို့ဖများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ ဆက်)
ဆိုင်ရာ အကြောင်းအရာများ :
Health,
Health Activities,
News,
Pinlebu News

1 comments:
ဝမ်းသာစရာပါ.... ဒီလိုမျိုးတွေ နေရာတိုင်းမှာ ဆေးရုံတိုင်းမှာ အယူးသဖြင့် နယ်ဆေးရုံတွေမှာဆို ခေတ်မီစက်ပစ္စည်း ချို့တဲ့တဲ့အတွက် လူနာတွေ မသေခင့်သေးဘဲ သေသွားကြရတာတွေ မကြာမကြာ ဖြစ်နေသည်။ ဒါကြောင့် ဒီသတင်းကြားရသည်မှာ ဘယ်လိုပဲဖြစ်ဖြစ် သတင်းကောင်းပင် ဖြစ်ပါသည်