မလေးရှားရောက်
ပင်လည်ဘူးသူ/သားများအားလုံး အမြဲ သတိရှိကြပါ၊ ပြဿနာတွေ မပြတ်ဖြစ်နေပါသည်။
မြန်မာများအား မွတ်စလင်များမှ အကြမ်းဖတ် သတ်ဖြတ်မှုများ လုပ်နေပါသည်။
အသက်ဆုံးရှုံးမှုများ ရှိသည်။ ယခုအချိန် မလေးရှားနိုင်ငံ၌
အစွန်းရောက်မွတ်စလင်များ၏ ပြစ်မှတ်မှာ မြန်မာများဖြစ်သည်။
ကိုယ့်ပတ်ဝန်းကျင်ကို အမြဲမပြတ် သတိထားစောင့်ကြည့်ကြပါ။
အထူးသဖြင့် ပင်လည်ဘူးသူ/သားများအားလုံး သတိရှိကြပါ။ သတင်းနားထောင်ပါ။ မေးမြန်းစုံစမ်းကြပါ။ နယ်နှင့် အဆက်အသွယ် မကြာခဏ လုပ်ကြပါ။ ကိုယ့်အသိ ကိုယ့်နယ်သားများ အချင်းချင်း
အဆက်အသွယ်လုပ်ကြပါ။ လတ်တလောဖြစ်ပျက်နေသော သတင်းများ နားထေင်ကြပါ။ သက်ဆိုင်ရာမှ ထုတ်ပြန်ကြေငြာချက်များ ရှိနိုင်မည်။ နားစွင့်ကြပါ။ လေ့လာကြပါ။ ပြဿနာဖြစ်လာလျှင် မည်သူ့ကိုမျှ အားကိုးမရ ဖြစ်တတ်သည်။ မဖြစ်စေလင့်။ ကိုယ့်နယ်သားအချင်းချင်း ကူညီပေးကြပါ၊ ၀ိုင်းဝန်းကြပါ။ သွားတာ လာတာကအစ အမြဲ သတိမပြတ်ထားကြပါ။ အဖွဲ့အစည်းများရှိလျှင်လည်း အဆက်အသွယ်မပြတ် လုပ်ကြပါ။ မြန်မာပြည်နှင့် အထူးသဖြင့် မိမိနယ်၊ မိမိအိမ်နှင့် မကြာမကြာ အဆက်အသွယ်လုပ်ကြပါ။ ကိုယ့်မိဘ ဆွေမျိုး မောင်နှမ စိတ်မချဖြစ်နေကြသည်၊ မိမိအတွက်နဲ့ သောကရောက်နေကြမည်ဟု တွေးထားကြပါ။ တကယ်လဲ ထိုကဲ့သို့ ဖြစ်နေကြမည်သာ.....။
ဒါကြောင့် သတိဆိုတာ ပိုသည်မရှိဆိုသလို အမြဲမပြတ် သတိထားကြပါ။
စေတနာဖြင့်............
အငယ်ကောင် (သီဟိုဠ်)
ဆိုင်ရာ အကြောင်းအရာများ :
Announcement,
News

1 comments:
Thanks!!!!!!!