Saturday, November 16, 2013

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် အတွင်းသို့ ကောလင်း ၀န်းသိုနယ် မှ သစ်ခိုးထုတ်သူများ ရောက်ရှိနေ

Posted by Unknown at 8:51 AM
ပင်လည်ဘူးမြို့နယ်အတွင်းသို့ ကောလင်း ၀န်းသိုနယ်မှ သစ်ခိုးထုတ်သူများ ရောက်ရှိနေလျှက်ရှိပြီး သစ်ခိုးထုတ်သူအများစုမှာ အင်္ဂါး - ဆားတောင်ပုံ -မြေလင်း ဒေသများသို့ ၀င်ရောက်ကာ ခိုးယူထုတ်လုပ်မှုများပြား နေလျှက်ရှိပါတယ်။ ထိုသို့ သစ်ခိုးထုတ်သူအများစုမှာ ကောင်လင်းမြို့ပေါ်မှ လူအများစုဖြစ်ပါတယ်။ ၀န်းသိုမြို့နယ်(၅)မိုင်လမ်းဆုံတွင်ရှိသော စိုက်ခင်းဝ မှ တာဝန်ခံသို့ သစ်ကား(၁)စီးလျှင် (၂၀၀၀၀ိ-/)နှစ်သောင်းကျပ် ပေးရပြီး နယ်ထိန်း အတွက်
(၂၀၀၀၀ိ-/)နှစ်သောင်းကျပ်တို့ ပေးဆောင်ရပြီး အဆိုပါ ငွေကြေးများကို လိုက်လံတောင်းခံသူမှာ ရဲတပ်ဖွဲ့မှ ထုတ်ပယ်ထားပြီး ဖြစ်သူတစ်ဦးထံသို့ ပေးဆောင်ရခြင်းဖြစ်ကြောင်း ကြောင်းဝင်းကြီးကျေးရွာ ဒေသခံများထံမှ သိရပါသည်။
ပင်လည်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ ဘိနယ်တာဝန်ခံများကိုလည်း သစ်စက်(၁)လုံတည်မည်ဆိုပါက လစဉ်ကြေးအဖြစ်(၃၀၀၀၀၀ိ-/)သုံးသိန်းကျပ် တို့ ပေးဆောင်ရပြီး နယ်မြေရဲကင်းများဖြစ်သည့် နန်းတပ်-မြေလင်းသို့ စက်တစ် လုံးလျှင် လစဉ်ကြေး(၅၀၀၀၀ိ-/)ငါးသောင်းကျပ် ၊ လမ်းတစ်လျှေက်ရှိ သစ်တော ဂိတ်များဖြစ်သော ပေကုန်း- ၀ဲလာ-ဒေါ်စီ ဂိတ်တို့တွင် သစ်ကား(၁)စီးဖြတ်သန်း မည်ဆိုပါက ဖြတ်သန်းခအဖြစ်(၂၀၀၀၀ိ-/) နှစ်သောင်းကျပ် တို့ပေးဆောင်နေ ရကြောင်း သစ်ခိုးထုတ်ပြီး အဖမ်းခံရကာ ဘ၀ပျက်နေသူများက ဆိုပါတယ်။
တရားမ၀င်သစ်ခိုးထုတ်ယူသူများအနေဖြင့် လစဉ်ကြေး ဂိတ်ကြေးများကို ပုံမှန် ပေးဆောင်သော်လည်း မူးယစ်ဆေးဝါးစွဲနေသည့် သစ်တောဝန်ထမ်း တစ်ချို့ က သစ်တောဦးစီးအရာရှိသို့ ကန်တော့ကြရမည့်ငွေအား မကန်တော့ ကြသဖြင့် သစ်တောဦးစီးမှ ဒေါ်စီဂိတ်တွင် ရုပ်ဖျက်ကာ ကင်းပုန်းစောင့်ပြီး အဖမ်း ခံကြရပြန်ပါတယ်။
ထိုသို့ဖမ်းဆီးရာတွင် ပိုင်ရှင် နှင့် ယာဉ်မောင်းတို့မှ အဆိုပါ သစ်တောဦးစီး၏ စိတ်ကြိုက် ငွေပေးနိုင်ပါက ပိုင်ရှင်မဲ့အဖြစ်အဖမ်းပြပြီး ပစ္စည်းသိမ်းပါတယ်။ ၄င်း၏ စိတ်တိုင်ကျငွေမပေးနိုင်ပါက တိတိကျကျအရေးယူဖမ်းဆီးဆောင်ရွက် ပါသည်။ သစ် နှင့် မော်တော်ယာဉ်များ အားဖမ်းဆီးအရေးယူဆောင်ရွက်မှုဖြစ် စဉ်များတွင် ငွေကျပ်သိန်း(၁၀၀)နီးပါးအကုန်အကျခံကာ ရဲ နှင့် ဥပဒေ တရားသူကြီး တို့ ကို ပေးနိုင်သူများသည် ဒဏ်ငွေ နှင့် အမှုပြီးပြတ်ကာ ကား နှင့် လူပါ လွတ်မြောက်နေကြောင်း ဒေသခံများထံမှ သိရပါသည်။

 


If you enjoyed this post and wish to be informed whenever a new post is published, then make sure you subscribe to my regular Email Updates. Subscribe Now!


Kindly Bookmark and Share it:

0 comments:

Have any question? Feel Free To Post Below:

 

© 2013. All Rights Reserved | Pinlebu Township | Refreshed by Angal Kaung (ပင်လည်ဘူး) | Template by Blogger Widgets

Home | Contact | About | အပေါ်သို့