Friday, June 14, 2013

ဧည့်သည်ထံမှ ကျပ်သိန်း ၉၀ ခိုးယူသော ရဟန်းတစ်ပါးကို အရေးယူ

Posted by Unknown at 2:03 PM
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် မြောက်ရပ်ကွက် မိုးတားကျောင်းတိုက်တွင် လာရောက် တည်းခိုနေသူ အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း ၉၀ ခိုးယူသော ရဟန်းတစ်ပါးကို ဇွန်လ ၁၂ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ် ဇီးကုန်းရွာမှ လာရောက် တည်းခိုသော အမျိုးသမီး၏ ခြင်းတောင်း အတွင်း ထည့်ထားသော ငွေကျပ်သိန်း ၉၀ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ရာ မိုးတားကျောင်းတိုက်နှင့် ဘေးချင်း ကပ်လျက် တောင်ဘက် မဟာမင်းထင်တိုက် အလယ်ကျောင်းကြီးတိုက်တွင် သီတင်းသုံးသည့် မသင်္ကာဖွယ် ရဟန်းတစ်ပါးကို ရပ်ကွက် သံဃနာယက ဆရာတော်များက အရေးယူ ဆောင်ရွက်ပေးရန် မဟာအောင်မြေ မြို့နယ်ရဲစခန်းသို့ သွားရောက် တိုင်ကြားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါ ရဟန်းအား ရပ်ကွက် သံဃနာယက ဆရာတော်များက လူဝတ် လဲပေးပြီး ရပ်ကွက် တာဝန်ရှိသူများက စစ်ဆေးရာ ၎င်း၏ခါးတွင် ပတ်ထားသော ပိုက်ဆံအိတ် အတွင်းမှ ငွေကျပ် လေးသိန်းခန့် တွေ့ရှိခဲ့ကြောင်း၊ ရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ၎င်းနေထိုင်ရာ ကျောင်းကြီးအောက်တွင် ဝှက်သိမ်းထားသည်ဟု ဝန်ခံခဲ့သဖြင့် သက်သေများနှင့်အတူ လိုက်လံ ရှာဖွေရာ ကျောင်း၏ လှေကားအနီး သစ်ပုံအောက်တွင် ကျပ် ၉,၀၅၂,၉၀၀ ကို သိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မှုခင်း မှတ်တမ်းများအရ သိရသည်။
ငွေကျပ်သိန်း ၉၀ ခိုးခံရသူ အမျိုးသမီးက တရားလိုအဖြစ် တိုင်တန်းသဖြင့် မဟာအောင်မြေ မြို့မရဲစခန်းက (ပ)၃၇၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅-ကအရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ခိုးမှု ကျူးလွန်သော သံဃာတော်မှာ ဘုရားကြီးဘက် ကျောင်းတိုက် တစ်တိုက်မှ အလယ်ကျောင်းကြီးတိုက်သို့ ပြောင်းရွှေ့လာသည်မှာ ငါးရက်မျှသာ ရှိသေးပြီး ယင်းသံဃာသည် သက်တော် ၃၅ နှစ် ရှိပြီး ယခင်ကလည်း ထိုဖြစ်စဉ်မျိုးအတွက် သံသယ ဖြစ်ခံရဖူးကြောင်း၊ သာသနာကို ခုတုံးလုပ်ပြီး ခိုးမှု ကျူးလွန်သူကို ဖော်ထုတ်နိုင်သည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်ဟု မိုးကောင်းကျောင်းတိုက် သံဃာတော်များထံမှ သိရသည်။


If you enjoyed this post and wish to be informed whenever a new post is published, then make sure you subscribe to my regular Email Updates. Subscribe Now!


Kindly Bookmark and Share it:

1 comments:

Unknown on June 14, 2013 at 2:22 PM said...

သာသနာဖျက်ပဲ...။


Have any question? Feel Free To Post Below:

 

© 2013. All Rights Reserved | Pinlebu Township | Refreshed by Angal Kaung (ပင်လည်ဘူး) | Template by Blogger Widgets

Home | Contact | About | အပေါ်သို့